(၂၃)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၄)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ရွှေပြည်သာ  စက်တင်ဘာ   ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီးအာဟာရပြည့်ဝစွာ နေထိုင်နိုင်စေရန်ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့က(၂၃)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွား(၁၄)ဦးအတွက် တစ်ဦးလျှင်၃၀၀၀၀/-နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၂၀၀၀၀/- ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ်အတွင်း ရွှေပြည်သာမြို့နယ်တွင်ရပ်ကွက် (၂၃)ခုနှင့်ကျေးရွာ(၄)ရွာအတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက်အဘိုး၊ အဘွားစုစုပေါင်း(၈၂၂)ဦးရှိကြောင်းနှင့် အဘိုး၊ အဘွားတစ်ဦးလျှင် ၃၀၀၀၀/- နှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာများအလိုက် တာဝန်ရှိသူများကလူမှုရေးပင်စင်များကို အဘိုး၊ အဘွားများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)