ပင်းတယ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ခရမ်းသီး စိုက်ပျိုးသည့် တောင်သူများမှ စျေးကောင်းရရှိ၍ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ် လှမ်းက အဆင်ပြေလျက်ရှိသည်။
စိုက်ပျိုးသည့်တောင်သူတစ်ဦးက ကျွန်တော်ကခရမ်းစိုက်ခင်းကို ဝါဆိုလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြောင်း၊ ယခင်နှစ်ကထက် ယခုနှစ်တွင် ခရမ်းသီးအပင်က ပိုမိုအောင်မြင် ဖြစ်ထွန်းပြီး၊ သီးနှံအရွယ်အစား ကောင်းမွန်မှုနှင့် ထွက်ရှိနှုန်းပိုများကြောင်း၊ခရမ်းသီး အရွယ်အစားပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် (၇၀၀) မှ ကျပ် ( ၁၀၀၀ ) အထိ ရောင်းချရကြောင်း ပြောပြသည်။
ပင်းတယမြို့နယ်တွင်ခရမ်းစိုက်ခင်းများကို ဧပြီ၊ မေလ များတွင် စတင်စိုက်ပျိုးကြပြီး ထွက်ရှိ လာသည့် ခရမ်းသီးများအား အောင်ပန်းပွဲရုံသို့ တင်ပို့ရောင်းချကြောင်း၊ထို့မှတစ်ဆင့် မြို့ကြီးများ သို့ဖြန့်ဝေရောင်းချကြကြောင်းနှင့်ပင်းတယမြို့နယ် အနေဖြင့် ဒေသရိုးရာအစားအစာများဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ် လုပ်ငန်းအပြင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့်လယ်ယာစသည့်တိုကိုတနိုင်တပိုင် စီးပွားရေးလုပ်ငန်း အဖြစ်လုပ်ကိုင်ကြသည် ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)