ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

လောက်ကိုင်   စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အရန် မီးသတ်တပ်ဖွဲ့ဝင်များအား ကျရာကဏ္ဍမှ စနစ်တကျထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် သန္ဓေ တပ်ဖွဲ့ဝင်များနည်းတူ မီးသတ်နည်းပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို နား လည်တတ်ကျွမ်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယရဲမှူးကြီး ညွန့်လွင်ဦးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းကာလတစ်လျှောက်တွင် စိတ်ပါဝင်စားစွာဖြင့်သင်တန်းကို ကြိုးစားလေ့ကျင့်ခဲ့ကြသော သင်တန်းသား(၃)ဦးကို တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုများကိုပေးအပ်ခဲ့သည်။ ထို့နောက်သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားခေါင်းဆောင်ထံပေးအပ်ခဲ့ပြီး သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒေသဦးစီးအဖွဲ့ဝင်များ၊ ဒေသ/ခရိုင်အဆင့်ဌာနဆိုင်ရာ များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်ခေါင်းဆောင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများ စုစုပေါင်း(၉၅)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လောက်ကိုင်(ပြန်/ဆက်)