မိုင်းရှူး စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မိုင်းရှူးမြို့နယ် မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်က သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစောဝင်းက အရန်မီးသတ် တပ်ဖွဲ့ဝင်များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်(၇၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)