ခိုလမ် ကုတင်(၁၀၀)ဆေးရုံတွင်  အသက်(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်ပေး

ခိုလမ် စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ ကုတင်တ(၁၀၀)​ဆေးရုံတွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က   ထိုးနှံပေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ အသက် (၁)နှစ်ခွဲအောက်ကလေးများကို ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံ တိုက်ကျွေးခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် ခိုလမ်မြို့ပေါ်ရပ်ကွက်များရှိ ကလေး ငယ်များအား စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)