လွိုင်လင် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း( ၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉) နာရီက မြို့နယ်ဦးစီးမှူးရုံးတွင်ကျင်းပသည်။
မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ မီးဘေးအန္တရာယ်၊ အခြားဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ် နှင့် ရုတ်တရက် မတော် တဆဖြစ်ပွားသော ဘေးအန္တရာယ်များအတွင် မီးငြိမ်းသတ်ရေး နှင့်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန် အရန်မီးသတ်တပ်ဖွဲ့များကို ရပ်ကွက် /ကျေးရွာ များမှ စိတ်ပါဝင်စားသူများကို စုစည်း၍ အရန်မီးသတ်တပ်ဖွဲ့များဖွဲ့စည်းပြီး လေ့ကျင့်ရေး မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယနေ့သည် သင်တန်းဆင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သင်ကြးပေးလိုက်သည့် စာတွေ့လက်တွေ့များကို ထိထိရောက်ရောက် အသုံးချပြီး အများအကျိုးအတွက် တက်ညီလက်ညီဆောင်ရွက်ကြရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းမင်းဌေးမှ သင်တန်းဆင်လက်မှတ် ကိုပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက လက်ခံရယူပါသည်။ ထို့နောက်သင်တန်းဆင်းပွဲ အခမ်းအနား ကိုရုတ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ အရန်မီးသတ်သင်တန်းသို့ သင်တန်းသား (၅၀)ဦးတက်ရောက်ကာ သင်တန်းကာလမှာ တစ်လကြာမြင့်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက် ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်