မဟာအောင်မြေ စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဖတ်ရှုသည့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်၊ စာစောင် ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာအုပ်၊ စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က စာအုပ်၊ စာစောင်ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီး တက်ရောက်လာသော စာပေချစ်နိုးသူများနှင့် စာပေဖတ်ရှုသည့် ရပ်ကွက်နေ ပြည်သူများက ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်ပြ စာအုပ်စာစောင်များအား ကြည့်ရှုခဲ့ကြပြီး မိမိကြိုက်နှစ်သက်ရာ စာအုပ်၊ စာစောင်များအား ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။
ယခုလို စာအုပ်၊ စာစောင်ပြပွဲကို ငှားရမ်းဖတ်ရှုအားပေးကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဖတ်ရှုသည့် ရပ်ကွက်နေပြည်သူများ၊ ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း ဦးစီးအရာရှိ ဦးဘိုဘိုဟန်မှ ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
အောင်ဇော်မင်း