လားရှိုး စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Cente ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက် (၉) နာရီ အချိန်က အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ အသိပညာပေး ဟောပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ကျောင်းသား/ကျောင်းသူ လူငယ်လေးများ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းစာသာမက ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် ကျောင်းသား/ကျောင်းသူလူငယ်လေးများ ပြင်ပဗဟုသုတ ရရှိစေရေး၊ ကလေးငယ်များ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး ဟောပြောပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ယမင်းအိက ကျောင်းသား/ကျောင်းသူ လူငယ်များအား ပုံပြင်ပြောခြင်း၊ ဗဟုသုတများမျှဝေခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး