ပေါင် စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (ခွေးရူးရောဂါ) အကြောင်းအသိပညာပေး (Talk Show) နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက (Talk Show) ပြုလုပ်ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင် က ခွေးရူးရောဂါဖြစ်ပေါ်လာပုံများ၊ ခွေးရူးရောဂါလက္ခဏာနှင့် ကုသကာကွယ်ရမည့်အချက်များ၊ ရှောင်ရန်အချက်များ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ခွေးရူးပြန်ရောဂါဖြစ်ပါက ရာနှုန်းပြည့် အသက်ဆုံးရှုံးနိုင်သည့်အတွက် ကာကွယ်ဆေးကို ချက်ချင်းထိုးခြင်းဖြင့် အလွယ်တကူကာ ကွယ်နိုင်ကြောင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်ကို ပြည်သူများအားပြသရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာသက်နိုင်က အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)