ဟိုပန် စက်တင်ဘာ ၂၉
"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ စာပေဖတ်ရှု့လေ့လာသူ ပိုမိုတိုးပွားစေရန်နှင့် ကျောင်းသား/သူများအား စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများရရှိနိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းက ဟိုပန်မြို့နယ်၊ မန်ကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ကောင်းကော်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းရာ၌ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက အမက(မန်ကောင်း)နှင့် အလက (ကောင်းကော်)ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများကို ယခင်လက ငှားရမ်းပေးထားသည့် သုတ/ရသ စာအုပ်များအား ပြန်လည်အပ်နှံ လက်ခံပြီး မဂ္ဂဇင်း(၁၅)အုပ်နှင့် ပညာရပ်(၃၀)အုပ် စုစုပေါင်း သုတ၊ရသ စာအုပ် (၄၅)အုပ်အား လဲလှယ်၍ အခမဲ့ ငှာရမ်းပေးခဲ့သည်။
ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ လစဉ်သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)