နမ့်ဆန် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သွေးတိုးရောဂါ အကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများ အတွက် အလွန်အရေးကြီးသည့်အတွက် အသိပညာရရှိစေရန် Talk Show ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ဒေါ်သီတာဦး(Book Club)အဖွဲ့ အဖွဲ့ဝင် မှ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်သည့် အကြောင်းအရာများ၊ ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် လက္ခဏာများ အကြောင်းကို အကျယ်တဝင့်ဆွေးနွေးခြင်း၊ အသက်(၉)နှစ်မှ (၁၂)နှစ် အထိ အမျိုးသမီးများ ကာကွယ် ဆေးများ ထိုးထားသင့်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိပါကြောင်း သိရပါသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)