လယ်ဝေး စက်တင်ဘာ ၂၉
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပပူဇော်သည့် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ‘နမော တဿ’ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးက ဒေဝနိမန္တနဂါထာကို ဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ် ပူဇော်သည်။ ထို့နောက် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ မထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက် တည်ကြသည်။ ဆက်လက်၍ အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ် ဖတ်ပူဇော်သည်။
ထို့နောက် ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဦးကျော်သိန်းဆိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ် ဖတ်ပူဇော်ကြသည်။ ထို့ နောက် ‘ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု’ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)