စစ်ကြောင်းကြီး ၅ ကြောင်ဖြင့် မိုင်းယန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး  အသိပညာပေးကွင်းဆင်း

မိုင်းယန်း  စက်တင်ဘာ  ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက်  မိုင်းလွေကျေးရွာအုပ်စု၊ နမ့်မုတ်ကျေးရွာနေ ပြည်သူများအား ယမန်နေ့နံနက် ၁၀ နာရီက ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မိုင်းယန်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး စစ်ကြောင်းကြီး ၅ ကြောင်းတွင်ပါဝင်သော မိုင်းယန်းခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျက်ရှိသောလုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး