ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင်ခွေးရူး ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်

နမ့်ဆန် စက်တင်ဘာ ၂၉

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက် ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်     ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခွေးရူးရောဂါအကြောင်း အသိပညာပေးTalk Showကို ယမန်နေ့  မွန်းလွဲပိုင်း()နာရီအချိန်ခန့်ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက မိဘပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show  ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြခဲက (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူး ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့သည် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့်အတွက် ဆောင်ပုဒ်အဖြစ် One Health Zero Death “ခွေးရူးရောဂါကြောင့် သေဆုံးမှုမရှိစေရေး၊ တစ်ခုတည်းသော ကျန်းမာရေးအသိဖြင့် ဆောင်ရွက်ပေး” သတ်မှတ်ကာ ကမ္ဘာနှင့်အဝှမ်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ခွေးရူးရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းများ၊ ရောဂါလက္ခဏာနှင့် ကုသကာကွယ်ရမည့်အချက်များ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ခွေးရူးပြန်ရောဂါ ဖြစ်ပွားပါက ရာနှုန်းပြည့် အသက်ဆုံး ရှံးနိုင်သည့်အတွက် ကာကွယ်ဆေးကို ချက်ချင်းထိုးခြင်းဖြင့် ကာကွယ်နိုင်ပါကြောင်း နှစ်တစ် နှစ်၏ စက်တင်ဘာလ (နောက်ဆုံးပတ်)ဗုဒ္ဓဟူးနေ့ကို ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ သတ်မှတ်ထားပါကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် အသိပညာဗဟုသုတ ရရှိစေရန်အတွက် (လကုန်ရက်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းဝေးခန်းမတွင်လည်း ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ မိဘပြည်သူများတို့ကိုလည်း အသိပညာပေးဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း  အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိပါကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)