မိုင်းလုံ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ မိမိတို့မြို့အတွင်း မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကူးစက်မှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရန် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ(Mask Camping)ကို မိုင်းလုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဍ်လင်းက ဦးဆောင်၍ တိုက်နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များပူးပေါင်း၍ Mask နှာခေါင်းစည်း (၅၀၀)ခုကို မိုင်းလုံမြို့အတွင်းရှိ ဈေး၊ လမ်းဆုံများ၊ ဈေးဆိုင်များနှင့် ရပ်ကွက်အတွင်းတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှခဲ့ကြပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့သွားလာခြင်းများ မပြုလုပ်ရေး၊ သွားလာခဲ့ပါက ထွက်ခွာတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးတို့ကို အသိပညာပေးပြောကြားခဲ့သည်။
မိုင်းလုံမြို့တွင် မျိုးဗီဇပြောင်း အိုမီခစရွန် (Omicron) ကူးစက်မှုမရှိစေရန်အတွက် ကာကွယ်၊ ထိန်ချုပ်ရေးလုပ်ငန်းတွင် အဓိကဖြစ်သော အပြင်ထွက်တိုင်း နှာခေါင်းစည်တပ်ဆင်ပြီးမှထွက် ရန်နှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ယခုလိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း မိုင်းလုံ မြို့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)