ပုသိမ်ကြီး စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်စာရေးဆရာအသင်း၏ အသင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ပံသုကျီခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းက ပုသိမ်ကြီးမြို့နယ်စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဆရာစောနန်းမြေအောင်နှင့် အဖွဲ့ဝင်များ အား မိတ်ဆက်အမှာစကားပြောကြားပြီး မြို့နယ်အတွင်းရှိ လူကြီးလူငယ်မရွှေး စာတတ် သူတိုင်းစာဖတ်ကြရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို တတ်အားသ၍ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးတို့ကို ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်းမှ ပခုက္ကူဦးအုန်းဖေ စာပေဆုရှင် စာရေးဆရာမ ဆရာမ နွေးထွေး (ပုသိမ်ကြီး) က ''ဘဝထိုထိုထန်းရိပ်ညို'' စာအုပ်နှင့် "မဟာပုဂံ" စာအုပ်တို့အား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)