ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

နမ့်ဆန် စက်တင်ဘာလ ၂၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အချင်းချင်း အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်း ()နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲကို ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ စာအုပ်ပါ ရာသီတုပ်ကွေးရောဂါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က  ရောဂါလက္ခဏာများအကြောင်းကို ဆွေးနွေးခြင်း၊ Grate-7 မှ မဝေဝေထွန်းက ကူးစက်နိုင်သည့် နည်းလမ်းများကို ဖတ်ကြားဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းမှ မိုးရာသီနှင့်သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ သွေးလွန်တုပ်ကွေးမဖြစ်ပွားရအောင်ဆောင်ရန်၊ ရှောင်ရန်များကို ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူအဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား အပြန် အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်