ပုဇွန်တောင် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ဝန်ထမ်းများသည် ယမန်နေ့နံနက်က လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့်ပုဇွန်တောင်စျေးတို့ရှိ ဈေးသည်နှင့်ဈေးဝယ်များအား Hand Speaker အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ဦးဆောင်သည့် ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်းနှင့် ပုဇွန်တောင်စျေးတို့ရှိ ပျံကျဈေးသည်များနှင့်ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်အတိုင်း Mask နှင့် Face shield အကာများကို တပ်ဆင်ခြင်းဖြင့် စျေးရောင်းသူများသည် စျေးဝယ်သူအများအပြားနှင့် နီးကပ်စွာထိတွေ့နေရသဖြင့် အကာအကွယ်ရရှိစေရန်၊ စျေးဝယ်သူများအနေဖြင့်လည်း စျေးသို့မလာမှီကပင် မိမိဝယ်ယူမည့် ပစ္စည်းအမျိုးအမည်နှင့်အရေအတွက်ကို ကြိုတင်စာရင်းပြုလာစေရန်၊ စျေးဝယ်သူများအနေဖြင့် မိမိဝယ်ယူမည့်ပစ္စည်းများအား အမြန်ဝယ်စေရန်၊ အသက်အရွယ်ကြီးသူများ ရောဂါအခံ တစ်မျိုးမျိုးရှိသူများအနေဖြင့် စျေးရောင်းခြင်း စျေးဝယ်ခြင်းများမပြုလုပ်စေရန်၊ နေ့တိုင်းစျေးဝယ်မထွက်ပဲဖြစ်နိုင်ပါက နှစ်ရက်တစ်ခါ သုံးရက်တစ်ခါသာ စျေးဝယ်ထွက်စေရန်၊ စျေးရောင်းသူများနှင့် စျေးဝယ်သူများအကြား ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ပြီး Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်