ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

လှိုင် စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား/သူများကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက်အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက် ၉:၃၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား/ကျောင်းသူ (၁၀၂)ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ကျောင်းသား/သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံမည့်သူများ မကျန်ရှိစေရေး၊ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် စနစ်တကျရှိစေရေးအတွက် ကျန်းမာရေးစစ်ကြောင်းနှင့်ပညာရေးစစ်ကြောင်းတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များပူးပေါင်း၍  သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင် (ပြန်/ဆက်)