သီပေါ စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ သို့သွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူ များအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး စာဖတ်စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍စာအုပ်၊ စာစောင်များကို အလှည့်ကျဖတ်ကြားစေခြင်း၊ ရုပ်ပုံပြပုံပြောခြင်းနှင့်စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သီပေါမြို့နယ်ရုံးမှ အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ လစဉ် သွားရောက်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ပေါ်ပေါက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)