မိုးနဲ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ပူးပေါင်းအဖွဲ့မှ အသိပညာပေးလုပ်ငန်းဆောင်ရွက်ပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲမြို့လမ်းဆုံ အခမဲ့ဖြန့်ဝေခဲ့ သည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီးဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကပူးပေါင်း၍ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲမြို့လမ်းဆုံ ကားလမ်းပေါ်တွင် သွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးပြောကြားခြင်းနှင့် နှာခေါင်းစည်း များကို အခမဲ့ဖြန့်ဝေပေးခြင်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)