မြစ်ကြီးနား စက်တင်ဘာ ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ စက်တင်ဘာ ၂၄ ရက် ညနေ ၃ နာရီက ကလရာဏယုဝ ခရစ်ယာန်အသင်း (YMCA) အင်္ဂလိပ်စာ (အခမဲ့)သင်တန်းကျောင်း ကျောင်းသား လူငယ် များနှင့် ကျောင်းသားမိဘ၊ဆရာများ လာရောက် လေ့လာခဲ့ကြသည်။
မြစ်ကြီးနားမြို့ ကလရာဏယုဝ ခရစ်ယာန်အသင်း (YMCA) အင်္ဂလိပ်စာ (အခမဲ့) သင်တန်းကျောင်း ကျောင်းသားလူငယ်များနှင့်ကျောင်းသားမိဘ၊ ဆရာများသည် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ ပြည်သူ့စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ Your Centre နှင့် အားကစားခန်းမတိုကို ကိုဗစ် - ၁၉ ရောဂါသတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်လေ့လာခဲ့ကြရာ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထက်နှင့်တာဝန်ရှိသူများက လူထုအခြေပြုဗဟိုဌာန (Community Centre) ထားရှိပေးရခြင်း ရည်ရွယ်ချက်များနှင့် ကဏ္ဍအလိုက် လိုက်လံရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ လာရောက်လေ့လာရခြင်းနှင့်ပတ်သတ်၍ မြစ်ကြီးနားမြို့ (YMCA)အင်္ဂလိပ်စာ (အခမဲ့) သင်တန်းကျောင်း တာဝန်ခံဆရာမဒေါ်ခေါန်မိုင်က "ဒီလူထုအခြေပြုဗဟိုဌာန (Community Centre)ရဲ့ လုပ်ငန်းဆောင်ရွက်နေမှုတွေဟာဆိုရင်ပေါ့ ကျွန်တော်တို့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု လူကြီးလူငယ်အရွယ် သုံးပါးအတွက် ဘယ်လောက်ထိ အကျိုးရှိတယ် ဘယ်လောက်ထိ အကျိုးဝင်တယ်ဆိုတာတွေကို ကျောင်းသားလူငယ်တွေကို သိစေချင်လို့ လာရောက်လေ့လာရတာ ဖြစ်တယ်လို့" ပြောကြားသည်။
အဆိုပါ လာရောက်လေ့လာရာတွင် ကျောင်းသား လူငယ်များနှင့် ကျောင်းသားမိဘ၊ ဆရာ စုစုပေါင်း (၁၀၀)ဦး နီးပါးရှိကြောင်း သိရသည်။
ယော်ဆောင်(ပြန်/ဆက်)