ကျောက်မဲ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် ကျောက်မဲခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန် အကြောင်း အသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောက်မဲခရိုင် ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်မဲခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းတို့က လူမှုဝန်ထမ်းဦးစီးဌာန၏ အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း လမ်းညွှန်စာအုပ်ပါ အခြေခံမူများ၊ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်းနှင့် တာဝန်ဝတ္တရားများ၊ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ခြင်းနှင့် အဆင့်တိုးမြှင့်ခြင်း၊ ထောက်ပံ့မှုပေးခြင်း၊ စေတနာ့ဝန်ထမ်း ဂေဟာ/ ရိပ်သာများ လိုက်နာရန် စည်းကမ်းချက်များ၊ ဂေဟာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ ပုဂ္ဂလိကမူကြိုကျောင်း လျှောက်ထားခြင်း ဆိုင်ရာများတို့ကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာများ၊ တတ်သိ ပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောက်ရွက်လျှက်ရှိပြီး အဆိုပါ ဆွေးနွေးချက် ရုပ်သံအပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)