နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

နောင်ချို စက်တင်ဘာ၂၃      

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေး   Talk Show ဆွေးနွေးပွဲကို  ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ အဆိုးရွားဆုံး ပုံစံဖြင့်ခိုင်းစေခံရသော ကလေးသူငယ်များအကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေး ကြိုတင်ကာကွယ်တားဆီးရမည့် အချက်များ စသည့်အကြောင်းအရာများကို  ဆွေးနွေးပေးခဲ့ကြောင်းနှင့် ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက ကလေးများလုပ်သော အလုပ်နှင့်ကလေးသူငယ်များနှင့် ပတ်သက်ပြီး ရသင့်ရထိုက်သော အခွင့်အရေးများအကြောင်းကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့်  ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးTalk Show ဆွေးနွေးပွဲများကို   ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍  Online မှတစ်ဆင့်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)