ရပ်စောက်မြို့နယ်၌ အသက်(၁၂)နှစ်အထက် အခြေခံပညာကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရပ်စောက် စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က စတင်၍ ရပ်စောက်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်စိမ်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအပိုဆောင်းထိုးနှံပေးပြီး ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသော သူများကိုလည်း ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၃၂)ကျောင်းရှိပြီး  အသက်(၁၂)နှစ်အထက် အပိုဆောင်းကာကွယ်ဆေး ထိုးနှံပြီး ကျောင်းသား၊ ကျောင်းသူ(၆၀၇)ဦးဖြစ်ကာ ဆက်လက်ထိုးနှံပေးမည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ (၆၂၆၈)ဦး ဖြစ်ကြောင်းနှင့် ယနေ့ထိုးနှံပေးရာတွင် ကိုယ်ပိုင်ကျောင်းများလည်းပါဝင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် တာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်