ပုဏ္ဏားကျွန်း စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူတို့ပူးပေါင်း၍ ယနေ့နံနက်(၈)နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်(၄)ရပ်ကွက်အတွင်း တစ်အိမ် ဝင်/ထွက် စနစ်ဖြင့် ကွင်းဆင်းကောက်ခံလျက်ရှိသည်။
ထိုသို့ကွင်းဆင်းကောက်ခံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ထွေ/အုပ်စာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က မြို့သစ်၊ အလယ်စု၊ ရွာဟောင်း ရပ်ကွက်နှင့် စံပြရပ်ကွက်များတွင် တစ်အိမ်ဝင်/ထွက် စနစ်ဖြင့် မြေပြင်အိမ်ထောင်စု လူဦးရေ စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်း ကောက်ခံနေမှုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးလှရွှေနှင့် အဖွဲ့ဝင်တို့က လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)