မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် စာဖတ်ဝိုင်းဆောင်ရွက်

မောက်မယ် စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌  ကျောင်းသားကျောင်းသူများ၊ ဒေသခံတိုင်းရင်းသား လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးပိုမို တိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန်၊  ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့်စာအုပ်များဖြင့် စာဖတ်ဝိုင်းကျင်းပပြီး မူလတန်းဆင့် ကျောင်းသားကျောင်းသူများအား မိမိတို့ကြိုက်နှစ်သက်ရာ ပုံတူပန်းချီများကိုရေးဆွဲ၍ ဆုရရှိသူများကို ဦးစီးအရာရှိက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်−၁၉ စည်းကမ်းချက်နှင့်အညီကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။      

စိုင်းမျိုးသန့်(မောက်မယ်)