တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

တိုက်ကြီး    စက်တင်ဘာ     ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက  လှည့်လည်ဆောင်ရွက်လျက်ရှိသည်။  

တိုက်ကြီးမြို့နယ်အတွင်းရှိ လူစည်ကားရာ ဂျိုးဖြူကန်လမ်းတစ်လျှောက်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ကာ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်စ် ပိုးသတ်ဆေးများကိုလည်း ပက်ဖျန်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဉီးအောင်ကျော်စိုးနှင့်အဖွဲ့များ၊  တိုက်ကြီးမြို့နယ် မီးသတဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ချစ်ထက်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များက  ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)