မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်လူကုန်ကူးမှုတာဆီး ကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မြစ်သား    စက်တင်ဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က လူထုအခြပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ  ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်ကဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီး မြစ်သား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး (တရားလွှတ်တော်ရှေ့နေ) ‌ဒေါ်ထွန်းထွန်းမော်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာနည်းလမ်းများ၊ လူကုန်ကူးခြင်ခံရပါက ပြုလုပ်သင့်သည့်အကြောင်း အရာများ၊လူကုန်ကူးခြင်းဆိုင်ရာ အပြစ်ပေးအရေးယူမှုများ၊ လူကုန်ကူးခံရခြင်းကြောင့်ဖြစ်ပါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊လူကုန်ကူးမှုနှင့်သက်ဆိုင်သည့်ဥပဒေများအကြောင်းကို လူငယ်လူရွယ်များ ပိုမိုသိရှိနိုင်ရေးအတွက် ရည်ရွယ်၍အကျယ်တဝင့်ရှင်းလင်းဆွေး နွေးပြောကြားခဲ့ကြောင်းသိရသည်။ 

ရဲနိုင်ဦး(မြစ်သား)