တန့်ယန်း စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းအိအိဖြူက အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရီရီထွေးက သွေးလွန်တုပ်ကွေးနှင့် ပတ်သက်သည့် ကူးစက်တတ်ပုံ၊ ရောဂါလက္ခဏာ၊ ကာကွယ်ပုံဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးမှုများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် We Love Tangyan, Facebook Page မှ တဆင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)