တံတားဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့ပါးသက်သာစေရန်နှင့် မျောက်ကြောက်ရောဂါအကြောင်း အသိပညာပေးနှိုးဆော်

တံတားဦး  စက်တင်ဘာ  ၂၃

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်အိုမီ ခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ဆီးထိန်းချုပ်နိုင်ရန်နှင့် မျောက်ကြောက်ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များအားကို ယနေ့နံနက် (၁၀)နာရီက ဥတည်ကျေးရွာသို့ ကွင်းဆင်း ၍  Hand Speaker ဖြင့်ဆောင်ရွက်ကြကြောင်းသိရသည်။

အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါလျော့ပါးသက်သာစေရန်အတွက် အသက်ကြီးအဘိုးအဘွားများ၊ နှလုံးရောဂါ၊ သွေးတို းရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများ နာတာရှည်ရောဂါရှိသူများနှင့် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ်ရေး၊ ကိုဗစ်-၁၉ ရောဂါအကောင်းဆုံးကာကွယ်မှု နည်းလမ်းမှာ စနစ်တကျလက်ဆေးမှုမပြုဘဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ် တို့ကိုလက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရေး၊ သန့်ရှင်းလတ်ဆက်သည့် အစားအစာများကို ရွေးချယ်စားသုံးရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရေး၊ ရောဂါပိုးကူးစက် ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက  ကိုယ်စီလိုက်နာ ဆောင်ရွက်ကြပြီး  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊  ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်ရန်နှင့် မျောက်ကြောက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက Hand Speaker ဖြင့် အရှိန်အဟုန်မြှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ရဲတင့်