(၁၈၈)ကြိမ်မြောက်မော်လမြိုင်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲတွင်မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဆွမ်းဆန်တော်လောင်းလှူ

မော်လမြိုင်စက်တင်ဘာ ၂၃

မော်လမြိုင်မြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၈၈)ကြိမ်မြောက် မော်လမြိုင်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်‌လောင်းလှူပွဲ အခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ ၂၀၂၂ခုနှစ်၊ ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများကိုယ်စား နာယကဆရာတော်များ သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းလောင်းလှူခဲ့ကြောင်းသိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း (၄၁၀) ကျောင်းတို့ရှိ ရဟန်း(၃၈၆၃) သာမဏေ (၃၅၇၇) ပေါင်း (၇၄၄၀)ပါး၊သီလရှင်ကျောင်း (၆၂) ကျောင်းရှိ သီလရှင်  (၁၄၈၇)ပါးတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ၀င် ၀န်ကြီးများ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့သူမြို့သားများ အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့်ဒါတဗ္ဗဝထ္ထုအစုစုတို့အား  လောင်းလှူပူဇော်ခြင်များကို ကိုဗစ်-၁၉  စည်းကမ်းချက်များနှင့်အညီဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ ဆက်)