မရမ်းကုန်းမြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်း၊ အသိပညာပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်

မရမ်းကုန်း စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေးအတွက် ယမန်နေ့နံနက် ၁၀နာရီ က အမှတ်()()()() ရပ်ကွက်များ၌   Mask Campaign ပြုလုပ်ခြင်း၊ အသိပညာပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်သည့်နေရာများမှာ အထက်ဗဟိုလမ်း၊ ရန်ကုန်-အင်းစိန်လမ်း၊ အောင်သိဒ္ဓိလမ်း၊ မင်းဓမ္မလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်းအစရှိသည့် လူစည်ကားရာနေရာများ၊ လမ်းများ၊ ကားမှတ်တိုင်များတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)