မရမ်းကုန်းခရိုင်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မရမ်းကုန်း စက်တင်ဘာ ၂၂

နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍသည် အဓိကအခန်းကဏ္ဍ တစ်ရပ်တွင် ပါဝင်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မရမ်းကုန်းခရိုင်၌ ခရိုင်အဆင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ နာရီအချိန် က မရမ်းကုန်းမြို့နယ် အမှတ်()   အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်တို့က ဂုဏ်ပြုအမှာစကားပြောကြားပြီး ခရိုင်တာဝန်ခံပညာရေးမှူး ဒေါ်ဝေဝေမြင့် က ဆုချီးမြှင့်ပွဲဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ခရိုင်အတွင်း ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်မြို့နယ်တို့ရှိ ကျောင်းသား၊ ကျောင်းသူများအနက် ()ဘာသာရရှိသူ ဂုဏ်ထူး(၁၈)ဦးအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းနှင့် ()ဘာသာဂုဏ်ထူး၊ ()ဘာသာဂုဏ်ထူး၊ ()ဘာသာဂုဏ်ထူးရရှိသူများ ကိုယ်စား သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးများထံသို့ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)