ဒဂုံမြောက် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများ များပြားလာသဖြင့် မြို့နယ်အလိုက် Quarantine centre ထားရှိရန် ဆောင်ရွက်ထားရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ဘူတာရုံဓမ္မရိပ်သာ ကျောင်းတိုက်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများကို ယမန်နေ့ညနေပိုင်းမှစတင် ထားရှိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Quarantine centre အဖြစ် ထားရှိသည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်၊ ဘူတာရုံဓမ္မရိပ်သာ ကျောင်းတိုက်သို့ ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူ (၂၈)ဦးအား နေရာချထား ဆောင်ရွက်ထားရှိပြီး ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)