မြောက်ဥက္ကလာပ စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ညမထွက်ရအမိန့် နှိုးဆော်ခြင်း ကို (င) ရပ်ကွက်တွင် ယမန်နေ့ညက လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
ယင်းသို့နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အပြင် အသက်အန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားနိုင်သဖြင့် ရောဂါကာကွယ် ရေး နည်းလမ်းများတွင် အထောက်အကူပြုရန် အတွက် ည(၁၂:၀၀)နာရီမှ နောက်နေ့ နံနက် (၄:၀၀)နာရီထိ သတ်မှတ်နယ်နိမိတ်မှ နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း မပြုလုပ်ကြ ရန် အသိပေးနှိုးဆော်ထားပြီး ဖြစ်၍ နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားရောက်ရန် လိုအပ်ပါက Mask များတပ်ဆင်သွားကြရန်နှင့် ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး များထံ အကြောင်းကြားရန်၊ ညမထွက်ရအမိန့်အား ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၈၈)ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဤအမိန့်သည် ထုတ်ပြန်ပြီး နေ့မှစ၍ (၂)လအတည်ဖြစ်ကြောင်း ပြည်သူများအား အသိပေး နှိုးဆော်မှုကို မြို့နယ် အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်တွင် နေ့စဉ် ရက်ဆက်မပြတ် နှိုးဆော်လျက် ရှိကြောင်းသိရသည်။
မြမြဝင်း(ပြန်/ဆက်)