ပန်းဘဲတန်းမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပန်းဘဲတန်း  စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀:၀၀နာရီအချိန်က အ.မ.က(၁)ပန်းဘဲတန်းကျောင်းတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစောဟိန်းကိုကိုစိုး ဦးဆောင်သည့် အဖွဲ့ဝင်တို့ဖြင့် ကျောင်းသား/သူများအား တစ်ကိုယ်ရည်သန့်ရှင်းရေးများစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို  ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)