တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူလတန်း/အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပုံပြောပြိုင်ပွဲ ကျင်းပ

တနိုင်း စက်တင်ဘာ ၂၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀) နာရီက ပုံပြောပြိုင်ပွဲကို  ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက မူလတန်း/အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီဦးက ပြိုင်ပွဲစည်းကမ်းချက်၊ အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် ပုံပြောပြိုင်ပွဲတွင် တနိုင်းမြို့ပေါ်ကျောင်းများမှ မူလတန်း/အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၁၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြရာ  ဆုရရှိသူများအား၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝါဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန တာဝန်ခံ ဒေါ်မြတ်သန္တာဗိုလ်၊ မြို့နယ်သာသနာရေး ဦးစီးအရာရှိ ဦးဇော်မင်းထက်တို့က ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ ကြောင်းသိရသည်။

မနောမြေ(တနိုင်း)