တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

တံတားဦး  စက်တင်ဘာ  ၂၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့ကို အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် (Community Centre ) ခန်းမတွင်  ကျင်းပကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာပေဖတ်ရှုသည့်အခါ အသံနေ၊ အသံထား၊ အဖြတ်အတောက် မှန်ကန်စွာနှင့် ဖတ်ရှုတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်သည့်အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ သိရှိစေရန် ဒါ့အပြင် ကျပန်းစကားပြော ပြိုင်ပွဲတွင် မိမိတို့ပါဝင်ယှဉ်မည့် ခေါင်းစဉ်အား မဲနှိုက်၍ သတ်မှတ်သည့် အချိန်အတွင်း ပြီးစီးရေးနှင့် နားထောင်နေသူများ ဗဟုသုတရရှိစေရေး စသည်တို့ကိုရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို တံတားဦးမြို့ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူများက မိမိတို့လေ့လာထားသော စာအုပ်စာစောင်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ကြကြောင်းသိရသည်။

ရဲတင့်