လမ်းမတော် စက်တင်ဘာ ၁၆
လမ်းမတော်မြို့နယ် UMFCCI တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) သည် မြန်မာ့ စီပွားရေးဘဏ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ UMFCCI တို့နှင့် ပူးပေါင်း၍ "SME စကားဝိုင်း - ကိုဗစ်−၁၉ ကာလအတွင်း သင့်စီးပွားရေးကို မြှင့်တင်လိုက်ပါ" ဟူသော ခေါင်းစဉ်ဖြင့် ၂ ရက်တာ Online ဆွေးနွေးပွဲကို Zoom application မှတဆင့် အောက်ပါ အတိုင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
ကျင်းပမည့်နေ့ - ၂၁.၉.၂၀၂၀ ရက်နေ့
ကျင်းပမည့်အချိန် - နံနက် ၁၀:၀၀ နာရီမှ ၁၁:၀၀ နာရီထိ
ကျင်းပမည့်နေရာ - Online
ဝင်ကြေး - အခမဲ့
ဘာသာစကား - မြန်မာဘာသာ
ယင်း Online ဆွေေးနွေးပွဲတွင် COVID-19 ကြောင့် စီးပွားရေးကျဆင်းမှုများကို ရေရှည်ပြန်လည် ကုစားနိုင်ရေး အစီအမံများ၊ စီးပွားရေးမဟာဗျူဟာများနှင့် MSME လုပ်ငန်းများ အတွက် ဘဏ္ဍာရေး ဆိုင်ရာ အထောက်အပံ့များနှင့် ပတ်သက်သော အသုံးဝင်မည့် သတင်းအချက် အလက်များကို မျှဝေပေး သွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ အနေဖြင့် တက်ရောက်လိုပါက https://zoom.us/webinar/register/WN_QGvyzi_HRDe1NG4EhiLZdA?fbclid=IwAR1pkArjaL3_ofOkYLcWQwEVUP5LWHBCpAibi25RnYNujfMdKnSnDRkjAjs သို့ဝင်ရောက်၍ စာရင်းပေး သွင်းနိုင်ပါ ကြောင်းနှင့် ဆွေးနွေးပွဲမစတင်မီ zoom link များအား စာရင်းပေးသွင်းထားသူများသို့ ပြန်လည် ပေးပို့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်