လှိုင်သာယာ ( အနောက်ပိုင်း) စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်၊ သီလရက္ခိတဓမ္မာရုံတွင် အမျိုးသမီးများအား အကြမ်းဖက်မှုမှကာကွယ်ရေးနှင့် လူမှောင်ခို/ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ကြီးကြပ်မှုဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ဉီးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစီအစဉ်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးစိုးဝင်းနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ဉပဒေအရာရှိ ဒေါ်အိအိမြင့်အောင် က အမျိုးသမီးများအကြမ်းဖက်မှုတားဆီးကာကွယ်ရေးတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအနေဖြင့် ဖြစ်ပေါ်လာကြောင်း ပြစ်မှု/ပြစ်ဒဏ်များအကြောင်း အကျယ်တဝင့်ရှင်းလင်း အသိပညာပေးဟောပြောပြီး၊ မြို့နယ်ဒုတိယရဲမှူး ဉီးစောတင်မောင်ဝင်း က လူမှောင်ခို/လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ဉပဒေကြောင်းအရ ပြစ်မှု/ ပြစ်ဒဏ်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရပ်ကွက်အမျိုးသမီးများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အမျိုးသမီးများ စုစုပေါင်း (၆၀) ဉီးခန့် တက်ရောက်ပြီး သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)