မိုင်းနောင်မြို့ပြန်/ဆက်ဦးစီးဌာနရုံး Community Center တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး Talk Show ဆောင်ရွက်

မိုင်းနောင်  စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ်  (တောင်ပိုင်း)၊    မိုင်းနောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးCommunity Center ခန်းမတွင် ယနေ့ မွန်းလွှဲ(၂)နာရီအချိန်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသိပညာပေး Talk Show ကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမီးနှင့် မိုင်းနောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်းတို့က ပါဝင်ဆောင်ရွက်ပြီး မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုမှ ရရှိနိုင်သောဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ သုံးစွဲမှုလျော့နည်းရေး ဆောင်ရွက်ချက်များနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မိုင်းနောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်းဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမတွင် ပြသ ထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနှင့် စွန့်ပစ်အမှိုက်ညစ်ညမ်းမှု အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)