သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိ

သိန္နီ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ပင်စင်စားများ၏ ပင်စင်လစာများကို အခက်အခဲမရှိ ထုတ်ယူနိုင်ရေး အတွက် ဘဏ်မန်နေဂျာ ဒေါ်ချိုချိုဝင်း၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ သိန္နီမြို့နယ်တွင် ပင်စင်စားဦးရေ(၆၀၀)ကျော်ရှိရာ လစဉ်  (၅၀၀) ကျော်သာ လာရောက်ထုတ်ယူလျက်ရှိပြီး ကျန်ရှိသည့် (၁၀၀)ကျော်မှာ လစဉ် ထုတ်ယူခြင်းမျိုးမဟုတ်ဘဲ နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်မှသာ လာရောက်ထုတ်ယူ ကြခြင်းဖြစ်သည်။ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်စားများ၏ ပင်စင်လစာ ငွေများကို စက်တင်ဘာလ (၂၁) ရက်နေ့မှ (၂၉) ရက်နေ့အထိ နေ့စဉ် နံနက် ၇:၃၀ မှ မွန်းလွဲ (၂) နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားပင်စင်လစာငွေ (၅၀၀) ကျော်မှ အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော ပင်စင်စားများကို အောက်တိုဘာလတွင် လာရောက်ထုတ်ယူနိုင်ကြောင်း ဘဏ်မန်နေဂျာ ထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်