တောင်ကြီး စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်နှင့် မြို့ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအနေဖြင့် Library Management System Software အား စနစ်တကျအသုံးပြုတတ်စေရန်ရည်ရွယ်၍ တောင်ကြီးမြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre) တွင် Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀) နာရီကဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူး ဦးစိုးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကွန်ပျူတာသင်တန်းခန်းမတွင် တောင်ကြီးခရိုင်၊ ဒုတိယဦးစီးမှူး ဦးဇော်နိုင်လင်း နှင့် ညောင်ရွှေမြို့နယ်၊ ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေအေးတို့က Library Management System Software အသုံးပြုနည်းများအား ဆင့်ပွားပို့ချခဲ့ကြောင်းနှင့် သင်တန်းသို့ တောင်ကြီးခရိုင်ရုံးနှင့် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများမှ သင်တန်းသား/သူ ၁၄ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ ၃ ရက် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း