စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

စဉ့်ကူး    စက်တင်ဘာ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားလျက်ရှိရာ ကမ်းပါးပြိုကျမှု ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများမှာ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ အဆိုပါ မြစ်ကမ်းပါးပြိုကျမှုများအား ကာကွယ်နိုင်ရန် ဆင်သေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ကျွန်းဦးကျေးရွာနေ ဒေသခံပြည်သူ(၁၀၀)ဦးခန့် စုပေါင်း၍ မြစ်ကမ်းပါးပြိုကျမှုမှကာကွယ်နိုင်ရေး ကိုင်းပင်(၂၅၀၀)ကျော်အား စိုက်ပျိုးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)