လှိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

လှိုင်  စက်တင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန် က စာရေးဆရာမြင်းခြံကျော်အောင်၏ ကြီးပွားအောင်မြင်အောင်ပန်းကိုဆင် စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ရဲအောင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကြီးပွားအောင်မြင်အောင်ပန်းကိုဆင် စာအုပ်ပါအကြောင်းအရာများကို စာပေဝါသနာရှင်များက အရွယ်သုံးပါးတွင် လုပ်ဆောင်ရမည့်အချက်အလက်များကို အချင်းချင်း ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)