မရမ်းကုန်းမြို့နယ်အတွင်း Quarantine Center အဖြစ် ဆောင်ရွက်မည့်နေရာသို့ ကွင်ဆင်းကြည့်ရှု

မရမ်းကုန်း စက်တင်ဘာ ၁၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၇)ရပ်ကွက်ရှိ ရစ်ယာန်ရဟန်းဖြစ် တက္ကသိုလ်အား Quarantine Center အဖြစ် ဆောင်ရွက်ရေးအတွက် ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။  

အဆိုပါ ကွင်းဆင်းကြည့်ရှုရာသို့ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ် ဦးဆောင်သည့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊  မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)