မုဒုံမြို့နယ် နှီးပဒေါရွာဟောင်းကျေးရွာ၌ Cash For Work စီမံကိန်းဖြင့် လုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်

မုဒုံ စက်တင်ဘာ ၂၁

မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နှီးပဒေါရွာဟောင်းကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင်း (CFW) စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ ဖြင့် ရေနှုတ်မြောင်း အရှည် ၂၄၉၀ ပေ၊ အကျယ် ၂ ပေ ၊ အနက် ၂ ပေ တူးဖော်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း အရှည် ၂၂၀၀ ပေ ဆောက်ရွက်လျက်ရှိပြီး စီမံကိန်းတာဝန်ခံများနှင့် ကော်မတီဝင်များတို့က အချိန်မီပြီးစီးနိုင်ရေးနှင့် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)