ဒလမြို့နယ်၊ ချယ်ရီသင်္ဘောဆိပ်အနီးတွင် Mask များ စနစ်တကျတပ်ဆင်သွားလာနိုင်ရေးအတွက် Mask Campaign ဆောင်ရွက်

ဒလ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်အနီး၌ ယနေ့နံနက် (၈)နာရီအချိန်က အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ဖြစ်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာနိုင်စေရန် Mask Campaign ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအသင်းတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်သွားလာရေး လှုပ်ရှားအဖြစ် ဒလသင်္ဘောဆိပ်အနီးတွင် အလုပ်သွားအလုပ်ပြန်ပြည်သူများနှင့် ဈေးသည်များအား Mask တပ်ဆင်သွားလာနိုင်စေရန်  Mask အခုရေ(၁၀၀၀)အား အခမဲ့ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဇော် (ပြန် /ဆက်)