မိုင်းရှူး စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊သြဂုတ်၊စက်တင်ဘာလ) အတွက် မိုင်းရှူးမြို့နယ်နှင့် မိုင်းစံမြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးလူမှုရေးပင်စင် ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားကို မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းရှူးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ကြေးငွေကျပ်(၃၃)သိန်းတိတိကို လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲလင်းထွဋ်က မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်ထံ လွှဲပြောင်းပေးအပ် ခဲ့သည်။
ထို့နောက် မိုင်းရှူးမြို့နယ်နှင့် မိုင်းစံမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စု(၁၀)အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်က ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။
မိုင်းရှူးမြို့နယ်နှင့်မိုင်းစံမြို့အတွင်းတွင် အသက်(၈၅)နှစ်အထက် သက်ကြီး လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ(၁၁၀)ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) တိတိကို ဘိုးဘွားများ လက်ဝယ်ဆီသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)